Thursday, November 15, 2012

တရုတ်-မြန်မာ ဆက်ဆံေ၇းကို အကြပ်အတည်း ဖြစ်စေမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း


တရုတ်-မြန်မာ ဆက်ဆံရေးကို အကြပ်အတည်း ဖြစ်စေမည့် 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း

Thursday, August 16, 2012

တရုတ်-မြန်မာ ပူးပေါင်းရဲ တပ်ဖွဲ မူးယစ် ဂိုဏ်းတခု နှိမ်နင်း

August 16, 2012
 
တရုတ်-မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းတခုကို တရုတ်-မြန်မာ ပူးပေါင်းရဲတွေက သံသယဖြစ် ခံရသူ ၁၁ ဦးကို မူးယစ်ဆေးဝါး ကီလို ဂရမ် ၄၀၀ ကျော် တို့နဲ့ အတူ စီးနင်း ဖမ်းဆီးခဲ့တယ်လို့ မနေ့ သြဂုတ်လ ၁၅ ရက်နေ့က ကြေငြာပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မူးယစ်နှိမ်နင်းရဲတပ်ဖွဲ့နဲ့ မြန်မာရဲတွေဟာ မြန်မာနိုင်ငံ လောက်ကိုင်ဒေသက မူးယစ်စိုက်ပျိုးမှု တွေကို လည်းဖျက်ဆီးခဲ့ပြီး စိတ်ကြွဆေး ကီလို ၃၄၇ နဲ့ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ဓာတု ပစ္စည်းတွေကိုလည်း စစ်ဆင်ရေး မှာ ဖမ်းမိခဲ့တယ်လို့ တရုတ်ပြည်သူ့ နေစဉ် အွန်လိုင်း သတင်းစာမျက်နှာ မှာဖော်ပြထားပါတယ်။
အဲဒီစစ်ဆင်ရေးနဲ့ တပြိုင်နက်တည်းမှာပဲ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ Mu Ronghong ကိုလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincang မြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး တရုတ်ပြည်မကြီး ရဲတွေဟာ မြန်မာ၊ ဗီယက်နမ်း၊ ဖိလစ်ပိုင်၊ ဟောင်ကောင် နဲ့ ထိုင်ဝမ် ရဲတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်ဆောင်လာခဲ့တာ မူးယစ်ဆေး စစ်ဆင်ရေး ၁၁ ခုကို အောင်မြင်စွာပဲ နှိမ်နင်းနိုင် ခဲ့ကြတယ်လို့ ဆိုပါတယ်။

Saturday, March 31, 2012

တရုတ် - မြန်မာ နယ်စပ်အဖမ်း အဆီးများ



တရုတ်-မြန်မာနယ်စပ်မြို့များတွင် မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့နေရာ ထိုအထဲတွင် ရခိုင် များလည်း အများအပြားလည်း ပါဝင်ကြောင်း မူဆယ်မြို့တွင် လူမှုကူညီရေးလုပ်ငန်းများလုပ်နေသည့် “ဂရုဏာ” လူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူ တဦးကပြောသည်။

ဟုတ်ကဲ့။ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနေတာက အခုတလော တော်တော့ကို ကြမ်းပါတယ်။ ကျနော်တို့ သိထားရသလောက်တော့ ခုဆိုရင် အားလုံး ၁၂၀၀ လောက် ရှိတယ်လို့ ကြားတယ်ဗျ။

အမျိုးသမီးတွေလည်း ပါတယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ စာအုပ်မရှိတဲ့သူတွေကိုတော့ တခါတည်း အချုပ်ထဲ ထည့်တယ်။ နောက်ပြီးတော့ စက်ရုံမှာ မဟုတ်ပဲ လမ်းပေါ်မှာ တွေ့တဲ့ လူတွေကိုလည်း အချုပ်ထဲထည့်တယ်။ စက်ရုံမှာ ဖမ်းတဲ့ လူတွေကိုတော့ ဒီဖက်ကို ပြန်ပြန်ပို့ပေးနေတယ်ခင်ဗျား ဟု ပြောသည်။

တရုတ်နယ်စပ်ရှိ အုတ်ဖုတ်သည့် စက်ရုံတရုံတွင် အလုပ်လုပ်နေသော ရခိုင်အလုပ်သမား ၂၀ကျော်ကိုလည်း တရုတ်ရဲက ဖမ်းဆီးပြီး မြန်မာ နယ်စပ်ကို ပြန်ပို့ခဲ့ကြောင်း သူက ဆက်ပြောသည်။ ဟိုတနေ့(မတ်လ ၂၃ရက်) က တရုတ်ဘက်က ရခိုင်အလုပ်သမား ၁၇ယောက် ကျနော်တို့ဆီကိုရောက် လာတယ်။ အဲဒီ စက်ရုံမှာ ရခိုင် အယောက် ၅၀လောက်ရှိတယ်လို့ ပြောတယ်။

၃၀ကတော့ လုပ်အားခတွေ အပြည့်မရကြလို့ ထွက်သွားကြပြီလို့ ပြောတယ်။ ကျန်တဲ့ ၂၀ ထဲက ပထမတော့ ၁၆ယောက် ပြန်ပို့ခံရတယ်။ နောက် ၂ယောက် လည်း ထပ်ရောက်လာတယ်။ ကျနော်တို့တတ်နိုင်သလောက် ကူညီပေးလိုက်ပါတယ်။

ရောက်ရှိလာသူများမှာ ရခိုင် မည်သည့် ဒေသက ဖြစ်ကြောင်း သူက ယခုလို ပြောသည်။ သူတို့က တော့ စစ်တွေက ၃ယောက်၊ သံတွဲက ၁ယောက်၊ ပေါက်တောက ၂ယောက်၊ ပုဏ္ဏားကျွန်းက ၁၁ယောက် ရခိုင်ဘက်က ၁၇ယောက်နဲ့ နောက်တယောက်ကတော့ ကွတ်ခိုင် က ဖြစ်ပါတယ်။

နောက်တ နေ့မှာ ကျနော်တို့ဆီကို ပန်ထန်းဆိုတဲ့ လှေဆိပ်ကနေ အလုပ်သမား ၁၅၄ ယောက် ရောက်လာပါတယ်။ အဲဒီထဲမှာ ရခိုင် ၇ယောက် ပါတယ်ဗျ။ ရခိုင်အကုန်လုံးကတော့ ၂၄ယောက်ပေါ့။ သူတို့ကို ကျနော်တို့က လမ်းစရိတ် တယောက်ကို ၂၀၀၀၀ စီနဲ့ စားစရာ သောက်စရာတွေလည်း စီစဉ်ပေးလိုက်ပါတယ်။

ယခုကဲ့သို့ အလုပ်ရုံစက်ရုံထဲများသို့ တရုတ်ရဲများက ဝင်ရောက်ဖမ်းဆီးသော်လည်း အလုပ်ရှင်များက တစုံတရာ ဖြေရှင်းပေးခြင်းမရှိသလို ရသင့်သည့် လုပ်အားခများကို ထုတ်မပေးကြောင်း တရုတ်နယ်စပ် ကြယ်ခေါင်တွင်နေထိုင်သူ ရခိုင်လူငယ်တဦးကပြောသည်။

ဖမ်းပြီးတော့အပို့ခံရတဲ့ ရခိုင်အလုပ်သမားတွေပြောပြတာကတော့ သူတို့အလုပ်ဆင်းနေတဲ့ အချိန် မနက် ၈နာရီလောက်မှာ တရုတ်ရဲတွေက ချက်ချင်းဖမ်းပြီးတော့ ရဲကားပေါ်ကို တင်လိုက်တာတဲ့။ အလုပ်ရှင် ကလည်း ဘာမှမပြောဘူး။ ဘာမှ အကူညီမပေးဘူးတဲ့။

ဒါဟာ သူ့စက်ရုံက အလုပ်သမားတွေဆိုတာကိုလည်း ဝင်ရောက် ပြောဆို ဖြေရှင်း မပေးဘူးလို့ ပြောပါတယ်။ တချို့ဆိုရင် မှတ်ပုံတင်တို့ တယ်လီဖုန်းတို့ အခန်းမှာ ကျန်လိုက် တာကိုလည်း ဘာမှ ယူခွင့်မပေးပဲ ဒီအတိုင်းပဲ ရဲလက်ကိုအပ်ပြီးတော့ ရဲကားပေါ် တင်ပေးလိုက်တာ လို့ပြော ပါတယ်။ နောက်ပြီးတော့ အလုပ်ရှင်က တယောက်ကို ယွမ်း ၈၅၀ ပေးစရာကျန်တာကိုလည်း မပေးလိုက် ဘူးလို့ ပြောပါတယ်။

ယခုကဲ့သို့ တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံသားများအား အဖမ်းအဆီးကြမ်းနေရခြင်းနှင့် ပတ်သက်၍ ရွှေလီတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတဦးက ယခုကဲ့သို့ပြောသည်။ ဟုတ်ကဲ့။ အဓိကကတော့ ဒီလအစောပိုင်းက ရွှေလီမှာရှိတဲ့ ဂိမ်းဆိုင်မှာ မြန်မာအလုပ်သမားတွေနဲ့ တရုတ် တွေ ရန်ဖြစ်ကြပါတယ်။

ဒီတော့ ဂိမ်းဆိုင်ပိုင်ရှင်က တရုတ်ရဲကို ဖုန်းဆက်ပြီး ခေါ်လိုက်ပါတယ်။ ရဲအရာရှိ တယောက် ရောက်လာတယ်။ သူက ယူနီဖောင်းဝတ်မထားဘူး။ သူကဖြေရှင်းပေးတယ်။ ရန်ဖြစ် နေရင်းနဲ့ သူ့ကို ဓါးနဲ့လိုက်တော့ သူက သေသွားတယ်ဗျ။ အဲဒီ အလုပ်သမား ၆ယောက်ထဲက ၄ယောက် ကိုတော့ မိတယ်။

နောက်ထပ် ၂ယောက်ကတော့ လွတ်သွားတယ်ဗျ။ အဲဒီနောက်ပိုင်း တရုတ်ရဲက မြန်မာနိုင်ငံသား တွေကို သိမ်းကျုံးပြီးတော့ ဖမ်းတာပါပဲဗျ ဟု ပြောသည်။ တရုတ်နယ်စပ်သို့ သွားရောက်ရန် ပက်စ်ပို့စ် စာအုပ်လုပ်ရသည့် အခြေအနေများကိုလည်း အဆိုပါ တာဝန်ရှိသူက ပြောပြသည်။

ဒီမှာ တရုတ်ပြည်ဘက်ကို ဝင်မယ်ဆိုရင် မြန်မာဘက်ကနေပြီးတော့ စာအုပ်အနီထုတ်ပေးပါတယ်။ စာအုပ် အနီ ဆိုတာကလည်း မူဆယ် အိမ်ထောင်စု စာရင်းရှိတဲ့ သူတွေကို ပေးတာပါ။ နောက်တခုကတော့ မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ၆ ညအိပ် ၇ ရက်ပေါ့နော် တခါသုံး ကဒ်တွေ ထုတ်ပေးပါတယ်။

အဲဒီတွေနဲ့ တရုတ်နယ်စပ် ကြယ်ခေါင်တို့ ရွှေလီတို့ကို ဝင်ကြပါတယ်။ စာအုပ်အနီကိုတော့ ရွှေလီမှာ ညအိပ်ခွင့်ပေးတယ်။ ဒါပေမယ့် အလုပ် လုပ်ခွင့်မပေးဘူးခင်ဗျ။ စာအုပ်အနီကနေတဆင့် အလုပ်လုပ်ခွင့် အစိမ်းရောင်စာအုပ် တရုတ်ကနေ ပြန်ထုတ် ပေးပါတယ်။

သို့သော်လည်း ယခုဖမ်းဆီးနေသည့်အထဲတွင် အလုပ်လုပ်ခွင့်ဗီဇာ အစိမ်းရောင်စာအုပ်ကိုင်ဆောင် ထားသူများကိုလည်း ဖမ်းဆီးနေကြောင်း ပြန်လည်လွှတ်မြောက်လာသူ ရှမ်းအမျိုးသားတဦးကပြောသည်။ ကျနော်က ရွှေလီမှာ အလုပ်လုပ်နေတာပါ။ တရားဝင်အလုပ်လုပ်ခွင့် အစိမ်းရောင်စာအုပ်ကိုင်ထားပါတယ်။ ဒီမှာအခု အဖမ်းအဆီးတွေများလို့ ကျနော်ညီလေးကို စိတ်မချလို့ သွားကြည့်တာပါ။ အဲဒီအချိန်မှာပဲ လမ်းမှာ ကျနော့်ကို တရုတ်ရဲတွေက ဖမ်းပြီးတော့ အချုပ်ခန်းကို ခေါ်သွား ပါတယ်။

အမျိုးမျိုးစစ်ဆေးမေးမြန်းပါတယ်။ ခြေထောက် တွေနဲ့ ကန်ကျောက်ပြီးတော့ ညှင်းပန်းနှိပ်စက်ပါတယ်။ ရိုက်ပြီးတော့ ဆဲဆိုပါတယ်။ ဘာ အကြောင်းပြချက်မှ မပေးဘူးခင်ဗျ။ အချုပ်ထဲမှာလည်း မြန်မာနိုင်ငံသားတွေ အများကြီးပဲ။ မော့လို့တောင် မကြည့်ရဘူးခင်ဗျ။ အငြိုးတကြီးနှိပ်စက်တာပါ။ အမျိုးသမီးတွေကိုလည်း ကိုယ်လုံးချွတ်ပြီး ထိုင်ထ လုပ်ခိုင်းပါတယ်။ သူတို့လည်း ရှက်လို့ မသေတာပဲ။ ဘယ်သူ့နဲ့မှ ပေးတွေ့ခွင့်မပြုပါ။ အချုပ်ထဲမှာ ဆေးစစ်ပါတယ်။ ဆေးစစ် တော့ တချို့အပေါ့မသွားနိုင်တဲ့ သူတွေကိုဆိုရင် အိမ်သာက ရေတွေသောက်ခိုင်းပါတယ်။

ဒီနေ့(မတ် ၂၉) ရက်နေ့မှ ကျနော်လွတ်လာတာပါ။ ဒါကလည်း ကျနော့် လောပန့်က အဆက်အသွယ်ရပြီးတော့ လာရွေးပေးလို့ပါ။ အလုပ်လုပ်ခွင့် အစိမ်းရောင်စာအုပ်ကို မပေးလိုက်ဘူးဗျ။ သူတို့ သိမ်းထားလိုက်တယ်။

ဖမ်းဆီးခံထားရသော အလုပ်သမားများကို လာရွေးမည်ဆိုလျှင်လည်း မြန်မာနိုင်ငံသားအချင်းချင်းဆိုလျှင် မလွယ်ကူကြောင်းနှင့် လောပန့်(အလုပ်ရှင်)များကသာ စာရွက်စာတန်း အထောက်အထားများနှင့် လာရွေးမှာသာ တွေ့ခွင့်ပေးကြောင်း သိရသည်။

မည်မျှအထိ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသည်ကို အတိအကျပြောရန်ခက်ခဲသော်လည်း စုစုပေါင်း ၄၀၀၀ ကျော် ၅၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။ လွန်ခဲ့သော ၄ရက်ခန့်ကလည်း ကျောက်ကုန်သည် အမျိုးသမီးများအပါအဝင် မြန်မာ အမျိုးသမီး ၁၀ဦး တဖွဲ့အား ရွှေလီမြို့တွင် တရုတ်ရဲမှ ဖမ်းဆီးကာ အချုပ်ခန်းထဲတွင် ကိုယ်လုံးချွတ်ခိုင်းပြီး မဖွေမရာ ပုံစံများဖြင့် ထိုင်ထ လုပ်ခိုင်းပြီး ပြန်လွတ်လိုက်ကြောင်း သတင်း များလည်း ထွက်ပေါ်နေသည်။

Saturday, March 24, 2012

၂ ပတ်အတွင်း တရုတ်ရဲက မြန်မာ ၁၀၀၀ ကျော်ဖမ်း


Posted on March 24, 2012

တရုတ်-မြန်မာနယ်စပ် ရွှေလီနှင့်ကြယ်ခေါင်မြို့များ၌ နေထိုင်ခွင့်နှင့် အလုပ်သမား မှတ်ပုံတင်ကဒ်မရှိသော မြန်မာများအား တရုတ်ရဲများက ယခုလ (၁၂) ရက်မှစ၍ ပိုက်စိပ်တိုက် ဖမ်းဆီးလျှက်ရှိရာ မတ်လ ၂၄ ရက်အထိ ၁၀၀၀ ကျော် ဖမ်းဆီးပြီးဖြစ်ကြောင်း ယင်းနယ်စပ်မှ လူမှု ကူညီရေးလုပ်ဆောင်နေကြသူများက ပြောသည်။




တရုတ်ပြည်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ။(ဓါတ်ပုံ AFP)

“ဒီနေ့မနက်ကြည့်ရတဲ့ စာရင်းအရ ၁၀၀၀ ကျော်သွားပြီ။ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာပါ” ဟု တရုတ်-မြန်မာ နယ်စပ်မှ စစ်ရေး၊ နိုင်ငံရေး
လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ယခင်က တစ်ကြိမ်မျှ မကြုံခဲ့ဘူးသည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်သည်ဟုဆိုသည်။

ရွှေလီမြို့တွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက လူသတ်မှု ၂ ခုဖြစ်ပွားခဲ့ရာ ဒုတိယစခန်းမှူးအဆင့် တရုတ်ရဲအရာရှိ တစ်ဦးနှင့်
ငွေရောင်းဝယ်သူ တရုတ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

လူသတ်မှု ကျူးလွန်သူများမှာ မြန်မာနိုင်ငံသားများဖြစ်သောကြောင့် တရုတ်ရဲများက မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားဖမ်းဆီးကာ
ရွှေလီမြို့အနီး၊ ကျန်းဖုန်းဒေသရှိ မူးယစ်ဆေးဖြတ်စခန်းသို့ ပို့ဆောင်နေခြင်းလည်း ဖြစ်သည်ဟု ဦးအောင်ကျော်ဇောကပြောသည်။

ထို့အပြင် ယခုလပိုင်းအတွင်းဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများက ကျုးလွန်ခဲ့သည်ဟုလည်း တရုတ်ရဲ များက ထုတ်ပြန်ထားကြောင်း သိရသည်။

သို့သော် တရုတ်ရဲများက ဖမ်းဆီးထားသူများကို တရုတ်ယွမ်ငွေ ၃၀၀ မှ ၁၀၀၀ ကြားယူ၍ ပြန်လွှတ်ပေးနေသဖြင့် ပြစ်မှုသန့်စင်ရေး ဟူသည်မှာ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

“ဒါဟာ တရုတ်ရဲက အစီအစဉ်ရှိရှိ လုပ်တဲ့သဘောပါတယ်။ လူမိုက်သန့်စင်ရေး မဟုတ်ဘူး။ ပြစ်မှုသန့်စင်ရေးနဲ့ လုံခြုံရေးအရလုပ်ရင် အခုဖမ်းပြီး ချက်ချင်းငွေနဲ့ အရွေးခံတာ ဘာအဓိပ္ပါယ်လဲ” ဟု ၄င်းက မေးခွန်းထုတ် ပြောဆို သည်။

တရုတ်အလုပ်ရှင် တချို့ကလည်း လုပ်ခလစာ မပေးလိုသည့်အတွက် မြန်မာအလုပ်သမားများကို ဖမ်းဆီးရန် ရဲနှင့် ညှိုနှိုင်းဆောင်ရွက်မှု များလည်းရှိကြောင်း မူဆယ်မြို့၊ ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဌ ဦးသောင်းထွန်းက ပြောသည်။

တရုတ်-မြန်မာနယ်စပ်၌ ဖြတ်သန်းသွားလာနေထိုင်ခွင့်များနှင့်ပတ်သက်၍ စာအုပ်အနီနှင့် စာအုပ်အပြာ ၂ မျိုး ကို မြန်မာဘက်မှ ထုတ်ပေးလျှက်ရှိသည်။

မူဆယ်မြို့နယ်မှ အိမ်ထောင်စုဇယားရှိသူများကို ရွှေလီနှင့် ကြယ်ခေါင်နှစ်မြို့တွင် တစ်နှစ်နေထိုင်ခွင့်ရ စာအုပ်အနီ ထုတ်ပေးပြီး တစ်ခါသုံးကဒ်ဟုခေါ်သော စာအုပ်အပြာကိုမူ မြန်မာတစ်ပြည်လုံးမှလာသော မှတ်ပုံတင်ရှိသူများကို ထုတ်ပေးသည်။

စာအုပ်အပြာသည် တရုတ်နိုင်ငံ ကြယ်ခေါင်မြို့တွင်သာ ၆ ညအိပ် ၇ ရက် နေထိုင်နိုင်ခွင့်ရှိပြီး ရွှေလီတွင် နေခွင့်မပြုထားပေ။

ယင်းစာအုပ်နှစ်မျိုးထဲဖြင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် မရှိသဖြင့် အချို့ တရုတ်အလုပ်ရှင်များက ၃ လ တစ်ကြိမ် သက်တမ်းတိုး ရသည့် Green Card (အစိမ်းရောင်ကဒ်) ဟုခေါ်သော တရားဝင် အလုပ်သမားလုပ်ကိုင်ခွင့်ကဒ်ကို ပြုလုပ် ပေးကြသည်။

သို့သော် ငွေကြေးကုန်ကျများသည့်အပြင် အလုပ်ရှင်ခွင့်ပြုမှရသဖြင့် မြန်မာအလုပ်သမားအများစုမှာ Green Card မရှိကြပေ။

မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှ ပြီးခဲ့သည့်လက ထုတ်ပြန်သော အစီရင်ခံစာ၌ ၅ နှစ်အတွင်း ရွှေလီနှင့် ကြယ်ခေါင်မြို့များသို့ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှ အများစုပါသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လာရောက်သူတိုးများလာပြီး လက်ရှိအချိန်တွင် လူဦးရေ တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

မြန်မာ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများမှာ လိင်ဖျော်ဖြေရေးအလုပ်၊ အိမ်ဖော်အလုပ်၊ ဈေးရောင်းအလုပ်၊ ရိုးရာအနှိပ်သည် အလုပ်၊ ဆောက်လုပ်ရေးအလုပ်နှင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြပြီး ကျား၊ မ ခွဲခြား ဆက်ဆံခံရခြင်း၊ လုပ်အားခနည်းခြင်း၊ အလုပ်ချိန် ကြာမြင့်ခြင်းနှင့် အလုပ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ရင်ဆိုင်နေကြရသည်ဟု အစီရင်ခံစာတွင်
ဖော်ပြထားသည်။